ဘားအံမြို့၏ မြို့ရေပေးဝေရေးလုပ်ငန်းအား ဆိုလာစနစ်ပြောင်းလဲတပ်ဆင်ဆောင်ရွက်မည်
ဘားအံမြို့ ဧရိယာအတွင်း နေထိုင်ကြသော အိမ်ထောင်စုများအား သံလွင်မြစ်နှင့် စက်ရေတွင်းများမှ ရေကို စုပ်တင်၍ ရေစုကန်များမှတစ်ဆင့် သောက်ရေ၊သုံးရေများ ဖြန့်ဝေပေးလျက်ရှိရာ နေ့စဉ် ရေပုံမှန်ရရှိနိုင်ရေး မြို့ရေပေးဝေရေးလုပ်ငန်းကို ဆိုလာစနစ်သို့ ပြောင်းလဲတပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။