မြို့သစ်မြို့နယ် လျှပ်စစ်ဓါတ်အားခွဲရုံ၌ မီးဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့် အမျှဌာနဆိုင်ရာရုံးများ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်လျှပ်စစ်ဓါတ်အား ခွဲရုံဝန်းအတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်သည့် ဘုရားဖူးပြည်သူများယခင်နှစ်ကထက်များပြား

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ နှစ်စဉ်ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခုနှစ်တွင် ယခင်နှစ်ကထက် လာရောက်ဖူးမြော်သူပိုမိုများပြား၍ (၇၂၆၆၆၄)ဦးရှိကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ဟိုပုံး)နှင့်  စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်စန်းမော်၏ “ပညာရှင်စိတ်ထား” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်(၂၁)ခုအား အခြားနည်းစနစ်ဖြင့် လေလံရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက်   ရောင်းချရန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၄၆)ခုအနက် လုပ်ငန်းလိုင်စင်(၂၁)ခုအား အခြားနည်းစနစ်ဖြင့် လေလံရောင်းချပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

နမ့်စန်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပူးပေါင်းအဖွဲ့စုံဖြင့် ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး၊ တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း မရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယမန်နေ့ နေ့လယ် ၂ နာရီက အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်နှင့် နမ့်စန်-မိုးနဲ မြို့အဝင် စစ်ဆေးရေးဂိတ်တို့တွင် ရှောင်တခင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် အခမဲ့ကျန်း‌မာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက Pfizer Comirnaty Omicron XBB.1.5 ထိုးနှံပေးခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီ ပြည်နယ်အစိုးရအဖွဲ့ရုံး ဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မင်းလှမြို့နယ် မလွန်အ‌ခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိူင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား  ကျန်းမာရေး စစ်ဆေးပေးပြီး ဆေးကုသဆောင်ရွက်ပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက မလွန်အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့သည်။

ပိဋကတ်သုံးပုံမြန်မာပြန်စာအောင်သံဃာတော်များ၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပ

ပိဋကတ်သုံးပုံမြန်မာပြန်စာအောင်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မဟာဝိဇယစေတီတော်ဝင်းအတွင်းရှိ ပို့ဆောင်ရေးဓမ္မာရုံ၌ ကျင်းပသည်။

နတ်မောက်မြို့နယ်၌ သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများပြုလုပ်ရန် ပိုက်ဆံလျှော် မျိုးစေ့ထုတ် စိုက်ခင်းများ စိုက်ပျိုးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးတောင်သူများ သီးနှံစိုက်ပျိုးရာတွင် အသုံးပြုရန်အတွက် သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများ ပြုလုပ်ရန် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်း၌ စိုက်ပျိုးထားရှိသော ဥစားကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် စားဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ဥစားကြက်သွန်နီများကို ကျေးလက်နေပြည်သူများအနေဖြင့် မြေအောက်ရေပေးသွင်းခြင်းဖြင့် စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးထားသော ကြက်သွန်နီများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to