သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊  မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာ​ပေးဆောင်ရွက်

ကျောက်တန်း ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ နေကြာပန်းဂဏန်းပျော့မွေးမြူရေးလုပ်ငန်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာ​ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးမှူးမှ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ မီးဘေးအန္တရာယ်ကျရောက်လာပါက လက်တွေ့မီးငြှိမ်းသတ်ရေးနည်းလမ်းများနှင့် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ကျော်ဝင်းဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များမှ မီးငြှိမ်းသတ်နည်းများအား နေကြာပန်းဂဏန်းပျော့မွေးမြူရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်/ဆက်)