ပင်းတယမြို့နယ်၌ ဒေသထွက်ရွှေဖီမိုးလက်ဖက်များ စတင်ခူးဆွတ်ရောင်းချ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မြန်မာလူမျိုးများ အနှစ်သက်ဆုံးနှင့် အလှူမင်္ဂလာ၊ ဧည့်ခံပွဲတိုင်းတွင် မပါမဖြစ်ရိုးရာ အစားအစာဖြစ်သော လက်ဖက်များကို တောင်ပေါ်ဒေသများတွင် အများအပြား စိုက်ပျိုးထားရှိရာ ယခုအချိန်တွင် ရွှေဖီမိုးလွတ်လက်ဖက်များကို စတင်ခူးဆွတ်နေကြပြီ ဖြစ်ကြောင်း သိရသည်။

လိပ်သိုဒေသတွင် အစေးလှီးခြင်းနှင့် ရော်ဘာပြား ထုတ်လုပ်ခြင်း လုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသော တောင်သူများမှာ ရော်ဘာရွက်များ ပြန်လည်ရင့်လာချိန် အစေးလှီးခြင်းနှင့် ရော်ဘာပြားများ ထုတ်လုပ်ခြင်း လုပ်ငန်းများကို ပုံမှန်ပြန်လည် လုပ်ကိုင်လျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့သည်။

တံတားဦးမြို့ခရိုင်တွင်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန် ပေးအပ်ပွဲ ကျင်းပ

တံတားဦးခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကံမမြို့နယ်၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယဉ်ကျေးလိမ္မာသင်တန်းကို ဧပြီ (၈) ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှင်အပါး (၅၀၀၀) ရှင်ပြုမင်္ဂလာအခမ်းအနား၌ သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ခံရသည့် ရှင်သာမဏေများ သင်တန်းတက်ရောက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ပေးနေမှုအခြေအနေများအား ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် (၈)မြို့နယ်တွင် ၂၀၂၄ ခုနှစ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် ဧပြီ ၆ ရက်နေ့မှ စတင်၍ စာသင်ဝိုင်းများဖြင့် သင်ကြားပို့ချလျက်ရှိသည်။

သရက်မြို့၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်သည့်  အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ဘုရားသုံးဆူမြို့တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ပူဇော်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ၂၀၂၃ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင်သံဃာများအား အောင်လက် မှတ်ဆက်ကပ်ပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းကအမှတ်(၃)ရပ်ကွက် ဓမ္မဟေဝန် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးပန်းသေးဗလီသို့သွားရောက်၍ ဥပုသ်ဆောက်တည်နေသော အစ္စလာမ်ဘာသာဝင်ဥပုသ်သည်များအတွက် အာဟာရဖြည့်စွက်စာများ သွားရောက်လှူဒါန်း 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်တို့သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ ညနေပိုင်းက ရမ်ဇာန်လမြတ်ကာလတွင် ဥပုသ်ဆောက်တည်နေသော  မဟာအောင်မြေမြို့နယ်၊ ပန်းသေးဗလီရှိ အစ္စလာမ်ဘာသာဝင်ဥပုသ်သည်များအတွက်  အာဟာရဖြည့်စွက်စာများ သွားရောက်လှူဒါန်းကြသည်။

ဆင်ပေါင်ဝဲမြို့၌ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ (၇၅) (၇၂) ကြိမ်မြောက် သင်္ကြန် (၅) ရက် တရားစခန်းဖွင့်လှစ်မည်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ (၇၅) (၇၂) ကြိမ်မြောက် သင်္ကြန် (၅) ရက် တရားစခန်းကို ဧပြီ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ (၇၅) အလုပ်အမှုဆောင်အဖွဲ့ထံမှ သိရသည်။
Subscribe to