တံတားဦးမြို့ခရိုင်တွင်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန် ပေးအပ်ပွဲ ကျင်းပ

တံတားဦး ဧပြီ ၁၀

တံတားဦးခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် တံတားဦးခရိုင်  စီမံကိန်းရေးဆွဲရေးအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းမှ အမှာစကားပြောကြားရာတွင် လူမှုစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝအရင်းအရစ်များ လူသားအရင်းအမြစ်များကို အခြေခံလျက် နိုင်ငံတော်နှင့်ပုဂ္ဂလိက ဘဏ္ဍာအရင်းအမြစ်များဖြင့် ပေါင်းပ်ကာတွန်းအားပေးအကောင်အထည်ဖော် လျက်ရှိရာ  အဓိကကျသည့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် အကောင်အထည် ‌ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး  စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အခြေခံသည့် MSME လုပ်ငန်းများ တိုးတက်မှသာ စီးပွာရေးဦးရေးလုပ်ငန်းများ ဖွံ့ဖြိုးတက်လာမည်ဖြစ်ကြောင်း၊ ဒါ့အပြင် သက်ဆိုင်ရာကဏ္ဍအလိုက်၊ ဒေသအလိုက် စီမံကိန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ရင်းနှးမြှပ်နှံမှု ရည်မှန်းချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဦးဆောင်အကောင်အထည်ဖော်ရမည့် ဌာနအသီးသီးကို လုပ်ငန်းတာဝန်များ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရည်မှန်းချက်အတိုင်း ပြည့်မီအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်  ကဏ္ဍအလိုက်စီမံကိန်းများကို လုပ်ငန်းစီမံချက်များဖြင့် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင့်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း သတ်မှတ်ချိန်နှင့် တပြေးညီပြီးစီးအောင် ဆောင်ရွက်ပေးစေးလိုကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်ရာတွင်လည်း မြေပြင်မှာ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ကိုင်ကြရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းတိုင်းဟာ  ပြည်သူကို ထိထိရောက်ရောက် အကျိုးခံစားရစေဖို့ စေတနာထားပြီး လုပ်ငန်းများ ဆောင်ရွက်ပေးစလေိုကြောင်းပြောကြားပြီး တံတားဦးခရိုင် စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီ အတွင်းရေးမှူး ဦးကိုကိုနိုင်မှ စီမံကိန်းတာဝန် ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်ခရိုင်အဆင့် စီမံကိန်းတာဝန်များနှင့် မြို့နယ်အဆင့်စီမံကိန်းတာဝန်များကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များက  စီမံကိန်းတာဝန်များကို သက်ဆိုင်ရာဌာနဆိုင်ရာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲတင့်( ပြန်/ဆက်)