သရက်မြို့၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

သရက် ဧပြီ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်သည့်  အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ပြောကြားရာမှာ နွေရာသီ ကျောင်းပိတ်ရက်တွင် ယခုကဲ့သို့ အခမဲ့ အခြေခံ ပန်းချီ သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ငယ်စဉ်မှစ၍ စာကြည့်တိုက်နှင့် ရင်းနှီးပြီး စာပေဖတ်ရှုသည့် အလေ့အထကောင်းများကို မွေးမြူပြီး လူတော်လူကောင်းများ ဖြစ်လာစေရန်တာဝန်ယူတတ်သည့် စိတ်ဓာတ်ရရှိပြီး ပူပေါင်းဆောင်ရွက်တတ်စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းပြောကြားပေးခဲ့သည်။

ထို့နောက် သင်တန်းနည်းပြ ဆရာဦးညွန့်လှိုင်က သင်တန်းတွင်စည်းမျဉ်းစည်းကမ်းများနှင့် အခြေခံပန်းချီသင်တန်းနှင့် ပတ်သက်၍ သင်ကြားပို့ချပေးတာဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းဆွေကပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက အခြေခံကဗျာရေးသားနည်း သင်တန်းတွင် သင်ကြားပေးသောဆရာများအား ဂါရဝလက်ဆောင်ပေးအပ်၍ လည်းကောင်း အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် သင်ကြားပို့ချပေးခဲ့သော ဆရာကြီးများအား ဦးစီးအရာရှိ ဦးဇော်ဝမ်းထွန်းမှ ဂါရဝလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)