တံတားဦးမြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်ဆောက်လုပ်
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၁၃၈၅-ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗဟိုမဏ္ဍပ်ကို ဧပြီလ(၇)ရက်နေ့ နံနက်ပိုင်းမှစတင်၍ တံတားဦးမြို့ လမ်းမတော်လမ်း သမိုင်းဝင်ဆေးအိုးဖိုဘုရားနီးတွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။