ကံမ ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယဉ်ကျေးလိမ္မာသင်တန်းကို ဧပြီ (၈) ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှင်အပါး (၅၀၀၀) ရှင်ပြုမင်္ဂလာအခမ်းအနား၌ သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ခံရသည့် ရှင်သာမဏေများ သင်တန်းတက်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို ကြပ်ပြင်ကုန်းကျောင်းဆရာတော်နှင့် မြို့နယ်ပညာရေးမှူး တို့က ဦးဆောင်၍ ဆရာမ (၅) ဦးတို့က ဧပြီ (၈) ရက်နေ့မှ ဧပြီ (၁၂) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား ရှင်သာမဏေ (၁၅၀) ပါးတက်ရောက်လျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)