ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စူဠဘွဲ့နှင်းသဘင်ဆက်ကပ်ပူဇော်ပွဲအခမ်းအနားနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ ပါဠိပထမပြန်စာမေးပွဲအောင်မြင်တော်မူခဲ့သော သံဃာတော် (၁၅၄)ပါးတို့အား စူဠဘွဲ့နှင်းသဘင်ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားနှင့် နဝကမ္မလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီအချိန်က သီရိမင်္ဂလာဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။