ပဲခူးတိုင်းဒေသကြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ကြိမ်၊ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ကြိမ်၊ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအား ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

မြစ်သားမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းသို့ လိုက်လံကြည့်ရှုအားပေးပြီး စာရေးကိရိယာနှင့် အလှူငွေများထောက်ပံ့

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းသို့  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ  စာရေးကိရိယာနှင့် အလှူငွေထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဘူတာရပ်ကွက် ဓမ္မာရုံတွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ပေးနေမှုအခြေအနေများအား ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် (၈) မြို့နယ်တွင် ၂၀၂၄ခုနှစ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် ဧပြီ ၆ ရက်နေ့မှ စတင်၍ စာသင်ဝိုင်းများဖြင့် သင်ကြားပို့ချလျက်ရှိသည်။

ရေတာရှည်မြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုပြီးမြောက်သည့် သံဃာတော်အပါး ၈၅ ပါးအား ယနေ့နံနက် ၈ နာရီအချိန်က ကျန်းမာ​​ရေးစောင့်ရှောက်မှုများကို အခမဲ့ဆောင်ရွက်ပေးကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင်  ဆည်ရေကန်ရေသောက်စနစ်ဖြင့်  နွေစပါးစိုက်ပျိုးဧက ၄၅၇ ဧကစိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျားထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်

မိတ္ထီလာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုးဧက ၄၅၇ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျားထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။                                                  

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါ ဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ယနေ့နံနက်ပိုင်း၌ မြို့နယ်ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထု အစုစုတို့နှင့်အတူ အောင်လက်မှတ်နှင့် စာအောင်ဆုများဆက်ကပ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထု အစုစုတို့နှင့်အတူ အောင်လက်မှတ်နှင့် စာအောင်ဆုများဆက်ကပ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေနံနက်ပိုင်းက ကဒါရပ်ကွက် သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့၌ ပုံပြော၊ ကဗျာရွတ်နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပုံပြော၊ ကဗျာရွတ်နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။ 

မီတ္ထီလာမြို့နယ် တောင်ဖီလာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်မြောက် ထုတ်ချေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ခင်တဲကျေးရွာအုပ်စု တောင်ဖီလာကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျောက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်မည်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ် ဧပြီလတွင် ကြရောက်မည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ရိုးရာမပျက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to