တံတားဦးမြို့နယ်၌ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ စာငှားဝန်ဆောင်မှု ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံမိဘပြည်သူများ စာဖတ်ပေရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး စာပေချစ်မြတ်နိုးသူများ ရှိလာစေရေးနှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်းတည့်(၁၂)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးကြောင်းသိရသည်။