မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးပန်းသေးဗလီသို့သွားရောက်၍ ဥပုသ်ဆောက်တည်နေသော အစ္စလာမ်ဘာသာဝင်ဥပုသ်သည်များအတွက် အာဟာရဖြည့်စွက်စာများ သွားရောက်လှူဒါန်း 

ချမ်းအေးသာစံ  ဧပြီ  ၁၀

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်တို့သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ ညနေပိုင်းက ရမ်ဇာန်လမြတ်ကာလတွင် ဥပုသ်ဆောက်တည်နေသော  မဟာအောင်မြေမြို့နယ်၊ ပန်းသေးဗလီရှိ အစ္စလာမ်ဘာသာဝင်ဥပုသ်သည်များအတွက်  အာဟာရဖြည့်စွက်စာများ သွားရောက်လှူဒါန်းကြသည်။

ထိုသို့ လှူဒါန်းရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့်အဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ လမ်း ၈၀၊ ၃၅လမ်း နှင့် ၃၆လမ်းကြားရှိ ပန်းသေးဗလီသို့ရောက်ရှိပြီး ဗလီဂေါပက္ကဋ္ဌ အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဥပုသ်ဆောက်တည်နေသော အစ္စလာမ်ဘာသာဝင် ဥပုသ်သည်များ၏ ဥပုသ်ဆောက်တည်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့တို့သည်  ဥပုသ်ဆောက်တည်ပြီး ဥပုသ်ဖြည်နေသော အစ္စလာမ်ဘာသာဝင်ဥပုသ်သည်များအား အာဟာရဖြည့်စွက်စာများကို တစ်ဦးချင်း လိုက်လံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်