ဆင်ပေါင်ဝဲ ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ (၇၅) (၇၂) ကြိမ်မြောက် သင်္ကြန် (၅) ရက် တရားစခန်းကို ဧပြီ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ (၇၅) အလုပ်အမှုဆောင်အဖွဲ့ထံမှ သိရသည်။
အဆိုပါ တရားစခန်းဖွင့်လှစ်ရာတွင် ၂၀၂၄ ခုနှစ်၊ ဧပြီ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ (၇၅) (၇၂) ကြိမ်မြောက် (၅) ရက်တာ တရားစခန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီးဘုရားကြီးကျောင်းတိုက်၊ မဏိရတနာကျောင်းဘဒ္ဒန္တစန္ဒာဝရ (MA-သီရိလင်္ကါ) သာသနဓဇဓမ္မစရိယ၊ မိုးကုတ်ကမ္မဌာနာစရိယအရှင်သူမြတ်မှ ခန္ဓာဉာဏ်ရောက်သစ္စာဆိုက်အောင် ဟောကြားချီးမြှင့်သွားမည်ဖြစ်ရာ တရားစခန်းဝင်ယောဂီများအနေဖြင့် ဂေါပကအဖွဲ့ဝင်များထံ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)