နောင်ချိုမြို့နယ်နှင့် ရှမ်းပြည်နယ်အတွင်း တိရစ္ဆာန်ကူးစက်ရောဂါများ ကင်းဝေးစေရန် ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း တိရစ္ဆာန်ကူးစက်ရောဂါများ ကင်းဝေးစေရန် ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းတို့ကို ယနေ့နံနက် (၁၀)နာရီက မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း သံဃာတော်များ ဆေးကုသဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် အေးမေတ္တာမူကြိုကျောင်းဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ရန်အောင်မြင်ရပ်ကွက်၊ အေးမေတ္တာ မူကြိုကျောင်းခန်းမ၌ ကျောင်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ကျင်းပခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အေးတ္တော မူကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသား မိဘများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေအသိပညာပေးရှင်းလင်းပွဲနှင့် ပြည်နယ်အတွင်း လမ်းတံတားအသုံးပြုခကောက်ခံရေးဂိတ်နှင့် မြို့အဝင်ဘီးခွန်ကောက်ခံသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းများ အကျွမ်းတဝင် သိရှိနားလည် သဘောပေါက်ပြီး ၎င်းတို့၏ မိသားစုများ၊ ဆွေမျိုးများ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းများကြားတွင် သိရှိနားလည်အောင် ပြန်လည်မျှဝေပေးနိုင်ရေးအတွက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်း/အမှုထမ်းဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌  အင်္ဂလိပ်စာဖတ် စွမ်းရည်ပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် Youth Club နှင့်ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီအချိန်က အင်္ဂလိပ်စာ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပသည်။

နတ်မောက်မြို့နယ် စည်ပင်သာယာရေးဈေး မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးဈေးကြီး၌ ပွင်းလင်းရာသီကာလတွင် မီးဘေးလုံခြုံရေးနှင့် ဈေးတွင်းဈေးပြင်ရှိ ဈေးဆိုင်ခန်းများအလိုက် သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျ ဈေးရောင်း၊ ဈေးဝယ်ပြုုလုပ်နိုင်ရေး  ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ဈေးကော်မတီဝင်များနှင့် ဈေးတာဝန်ခံတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူပေါင်း၍ အဆိုပါ ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း လီမိတက်အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးထုတ်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အသင်းသားများအား စုဆောင်းငွေ အပေါ် အတိုးထုတ်ပေးခြင်းကို ယနေ့နံနက် (၁၁) နာရီက သမဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၌ စာအုပ်စာစောင်ပြပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community centre) တွင် ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့သည်။

နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားသည့် စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား စစ်တွေမြို့တွင် ကျင်းပ

နိုင်ငံတော်အကြီးအကဲ၏  လမ်းညွှန်မှုနှင့်အညီ နိုင်ငံတစ်ဝန်းရှိ  စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုး တိုးတက်ရှင်သန်နိုင်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ  ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to