ဝါးခယ်မမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား ဓာတ်မြေဩဇာပေးအပ်

ဝါးခယ်မ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနက နိုင်ငံတော်၏ရက် (၁၀၀) စီမံချက်ဖြင့် ဝါးခယ်မမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများအား ဓာတ်မြေဩဇာပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါပေးအပ်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တူးတူးလွင်က သွင်းအားစုပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တာဝန်ရှိသူများက အသင်းသားတောင်သူ (၆၀) ဦး၏ စိုက်ဧက (၁၅၄) ဧကအတွက် ငွေကျပ် (၃၃၀) သိန်း တန်ဖိုးရှိ ပုလဲဓာတ်မြေဩဇာ (၃၀၀) အိတ်အား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)