ပုဇွန်တောင် ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Grade-1 to Grade-8 အထိ အခြေခံပညာအဆင့်အလိုက် Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဒုတိယနေ့အဖြစ် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဒုတိယနေ့စာမေးပွဲဖြေဆိုရာ၌ Grade-1 မှ Grade-8 အထိ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ ၄၂ ဦးတို့သည် တစ်နေ့လျှင် တစ်ဘာသာ ဖြေဆိုကြကြောင်း သိရသည်။ စာမေးပွဲများဖြေဆိုနေမှုကို မြို့နယ်ပညာရေးမှူး ဒေါ်လှလှဇံ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများက အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ် (ပြန်/ဆက်)