ပျော်ဘွယ်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ပျော်ဘွယ် ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ စာပေအမြဲလာရောက်ဖတ်ရှုသည့် ကျောင်းသား၊ ကျောင်းသူများလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပေးခြင်းကို ဇွန် ၁၇ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည်။

ပြိုင်ပွဲနှင့်ပတ်သက်၍  ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က  ကလေးတွေဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ မှတ်ဉာဏ်ရင့်သန်လာစေရန်၊  စာပေကိုပိုမိုလေ့လာဖတ်ရှုတတ်တဲ့ အလေ့အကျင့်ကောင်းတွေရရှိစေရန်၊ စာကြည့်တိုက်များကို ပညာဗဟုသုတရှာတဲ့အခါမှာ အသုံးပြုတတ်စေရန်ကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းပြသည်။

အဆိုပါပြိင်ပွဲသို့ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)