စမ်းချောင်းမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDကတ်များထုတ်ပေး

စမ်းချောင်း   ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် UIDကတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ဇွန် ၁၆ ရက်က ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ကြည်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအား‌ပေးခဲ့ပြီး မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းငြိမ်းနှင့်အဖွဲ့ဝင်များက အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းရှိ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၅၈)ဦးအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDကတ် များကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)