စလင်း ဇွန် ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ အသက်၅လမှ၂နှစ်အတွင်း ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ကူးစက်ရောဂါကင်းဝေးစေရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ဇွန် ၁၇ ရက်နံနက် ၉နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးရုံးတွင် လစဥ်ပုံမှန်ထိုးနှံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သူနာပြုဆရာ၊ဆရာမများက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဦးစီးဌာန၌ မွေးကင်းစကလေး အသက်၅လမှ၂နှစ်အတွင်းရှိ ကလေးငယ်များအား ဘီစီဂျီ၊ပိုလီယို၊ ဝက်သက် ၊ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) နှင့် ဦးနှောက်အမှေးရောင် ရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း
လုပ်ငန်းများကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မောင်လွင်(စလင်း)