လှိုင်းဘွဲ ဇွန် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့စစ်(ဌာနေ)နှင့် ပြည်သူ့စစ် (စစ်မှုထမ်းဟောင်း)အဖွဲ့ဝင်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော စစ်ဝတ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အမှတ်(၂၈)ခြေလျင်တပ်ရင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော စစ်ဝတ်ပစ္စည်းများနှင့် ကြက်ဥ၊ ခေါက်ဆွဲထုပ်များအား ကျောင်းရေပူ၊ မဲလောင်းလေး ပြည်သူ့စစ်(ဌာနေ)နှင့် လှိုင်းဘွဲပြည်သူ့စစ် (စစ်မှုထမ်းဟောင်း) အဖွဲ့ဝင် (၄၃) ဦးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်သူ့စစ် (ဌာနေ)နှင့် ပြည်သူ့စစ်(စစ်မှုထမ်းဟောင်း)အဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)