ကလေး ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံး အစည်းအဝးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်က အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေကြွယ်ဝင်း သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ကြရမည့် နည်းလမ်းများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မာန်အွေက သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများကို ဆွေနွေးသည်။
ထို့နောက် ဒေသခံတောင်သူများ၏ တင်ပြချက်များအား တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြသည်။ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကလေးခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများ စုစုပေါင်း ၁၅၀ ကလေးဝမြို့နယ်နှင့် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက zoom meeting ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)