သီပေါမြို့နယ်ဘော်ကြိုကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်

သီပေါ ဇွန် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် သီပေါမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးခန့်ဝေယံနှင့်ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများအား မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများနှင့်အခြေခံပညာကျောင်းများသို့ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဘော်ကြိုကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါကျောင်းမှ အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများ(၅၅)ဦးအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေးခြင်း ကို နေ့ချင်းပြီးပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းနှင့် ဆက်လက်၍  အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။     

 (မြို့နယ် ပြန်/ဆက်)