နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းကုန်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဇိနထွဋ်တင်ပုညရှင်ဘုရားစေတီနှင့် ရင်ပြင်တော်အား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့်ဝန်ထမ်းများသည်၊ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် ၇ နာရီက မင်းကုန်းရပ်ကွက်၊ မင်းကုန်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဇိနထွဋ်တင်ပုညရှင်ဘုရားစေတီနှင့် ရင်ပြင်တော် စေတီလုံးပတ်တော်အား ရေသပ္ပယ်ခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။