ချမ်းမြသာစည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲ၊ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန် ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတ လေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို (၅၄) လမ်းရှိ အမှတ် (၁၉) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် စက်တင်ဘာ ၂၃ ရက်နေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိတ္ထီလာမြို့ အမှတ် (၃၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အမှတ် (၃၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ပေါက်ချောင်းရပ်ကွက်ရှိ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံးကြီး သွေးလှူဘဏ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာ‌ပေးဟောပြောခြင်းနှင့် ကျောင်းနေအရွယ်ကလေးများအား အာဟာရတိုက်ကျွေးခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းနှင့်ကျောင်းနေအရွယ်ကလေးများအား အာဟာရတိုက်ကျွေးခြင်း ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျခတ်ငူကျေးရွာ အ.မ.က(ဇရိုး)ကျောင်း၌ ပြုလုပ်ခဲ့ရာ မြို့နယ်မွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ရဲအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နွေးနွေး၊ ကျခတ်ငူကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးနှင့် အချင်အတွယ် မှန်ကန်ရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများမီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် အချင်အတွယ် မှန်ကန်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ယမန်နေ့နံနက် (၁၀) နာရီက သက်ဆိုင်ရာဌာနများကစုပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူခရိုင်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးသီးနှံစုံ ၆၃၉၆၉၂ ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးနှင့်လျာထားချက် ပြည့်မီကျော်လွန်ရေးအတွက် အဓိကသီးနှံမျိုးစုံကို ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ၆၁၄၅၀၅ ဧက လျာထားစိုက်ပျိုးခဲ့ရာ လက်ရှိအချိန်အထိ ၆၃၉၆၉၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်းနှင့်စိုက်ပျိုးပြီးစီးမှု ရာခိုင်နှုန်းအနေဖြင့် ၁၀၄ ဒသမ ၁၀ ရာခိုင်နှုန်းရှိကြောင်း ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရပ်စောက်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ကွင်းဆင်းဆောင်‌ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်းသို့ကွင်းဆင်း၍ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့၊ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးနှင့် မေးခိုင်ကာကွယ်ဆေးထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာမူလတန်းကျောင်း၊ အ.မ.က(ငွေဆောင်)၌ ယမန်နေ့နေ့လည်ပိုင်းက အသက်( ၉) နှစ်ပြည့်ပြီး ( ၁၀) နှစ်မကျော်သော ကျောင်း သူလေးများအား သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးနှင့် အသက်(၅)နှစ်ပြည့်ပြီး (၇) နှစ် မကျော်သော ကျောင်းသား၊ ကျောင်းသူလေးများအား ဆုံဆို့ - မေးခိုင်ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဥ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လဲချားမြို့၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စားအငြိမ်းစား မိဘပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် စားသောက်ကုန်‌ ထောက်ပံ့ခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယနေ့နံနက်(၈)နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲ မျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲမျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) တောင်သူဦးနိုင်၏ လယ်မြေ ၂ ဧက၌ ကျင်းပသည်။

သာပေါင်းမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) နှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး (DT) ထိုးနှံပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိပ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ရောဂါ(DT)ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းတို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to