လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ရက် (၁၀၀) အထူးစီမံချက်ဖြင့်  နိုင်ငံသားကဒ်ပြားများအား ပြည်သူများထံ လက်ဝေပေးအပ်

လှိုင်သာယာ (အနောက်) မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် အထူးစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက် (၁၀) နှစ်ပြည့် နိုင် - ၃(က) နှင့် အသက် (၁၈) နှစ်ပြည့် နိုင် ၆ (က) များ ထုတ်ပေးနိုင်ရေးအတွက် မေ ၃ ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အပြင်ပဒံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပြီး နိုင်ငံသားစီစစ်ရေးကဒ်ပြားများအား ပြည်သူများထံ လက်ဝေပေးအပ်သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူး ဦးချစ်စိန် ဦးဆောင်၍ လဝကဝန်ထမ်းများလိုက်ပါလျက်၊ ရပ်/ ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများက ကျေးရွာအတွင်းနေထိုင်ကြသော ပြည်သူများအား အသက် (၁၀) နှစ်ပြည့် နိုင် - ၃ (က)နှင့် အသက် (၁၈) နှစ်ပြည့် နိုင် - ၆ (က) များ ပြုလုပ်ပေးခြင်းနှင့် BIO စစ်ဆေးခြင်း၊ ရိုက်‌‌ပေးခြင်းများကို မြေပြင်ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ပြုလုပ်ပြီးသည့် နိုင်ငံသားစီစစ်ရေးကဒ်ပြားများကို ပြည်သူများထံ လက်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်များသို့ ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)