ကလောမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိပြီး အာဟာရမုန့်များ လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့စီးပွားဘဏ်တွင် ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီက ကလောမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဆောင်ရွက်မှု ကွင်းဆင်းစိစစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးလှခိုင်၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့်တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်း ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေ (၁၂၃.၀၉) ကျပ်သန်းဖြင့် winner Myanmar Company မှ တာဝန်ယူဆောင်ရွက်သည့် ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်း (0.402km x 3.66m x 175mm) ကွန်ကရစ်ခြင်းခြင်းနှင့် မန္တလေးတိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ (၈၇.၂၃) ကျပ်သန်းဖြင့် ဌာနမှဆောင်ရွက်ရှိသည့် သပြေသာ-ပင်တလည်-ပတ္တာလမ်း (2.851km x 4.88m x 200mm) ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီ ကောင်းမွန်အောင် ဆောင်ရွက်ရန်မှာကြားခဲ့ပြီး အဆိုပါလမ်းများ ဆောင်ရွက်ပြီးပါက ကျေးရွာ (၉) ရွာ၊ လူဦးရေ (၁၆၇၆၃) ဦး အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် နံရံကပ်စာစောင်ကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade- 6 ကျောင်းသား/သူ (၃၅)ဦး တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်မော်ခရိုင်မှ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်မှ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ချမ်း‌အေးသာစံမြို့နယ်၊ ဆူးဖြူ‌ကျောင်းတိုက်၊ ဉာဏဝေပုလ္လဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊‌ အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်တာဝန်ရှိသူများ၊ ဗန်းမော်ခရိုင်မှ နေရပ်စွန့်ခွာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အသက် (၅)နှစ်မှ (၇) နှစ်အတွင်း ကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OraVacs) ကာကွယ်ဆေး (တတိယအကြိမ်) ဆက်လက်တိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက် (၅)နှစ်မှ (၇) နှစ်အတွင်း ကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OraVacs) ကာကွယ်ဆေး (တတိယ) အကြိမ် တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အမှတ် (၂၉) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ် (၁၈) အခြေခံပညာမူလတန်းကျောင်းများ၌ ဆက်လက်တိုက်ကျွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ငါးသိုင်းချောင်းမြို့တွင် ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့်အစားထိုး သုံးစွဲလိုက်နာဆောင်ရွက် မှု များအား စီစစ်ကြပ်မတ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ တစ်ခါသုံးပလတ်စတစ်အိတ်များလျော့နည်း သုံးစွဲစေရေးအတွက် အပတ်စဥ် ဗုဒ္ဓဟူး၊သောကြာ၊တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့်အစားထိုး သုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေးကြပ်မတ်စစ်ဆေးခြင်းတို့ကို ယနေ့နံနက်၇နာရီအချိန်က မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်းတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကသာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌အမျိုးသမီးများသို့ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာ‌‌ပေး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးများသို့ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာ‌ပေး သင်တန်းဖွင့်ပွဲကို ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

မိုးညှင်းမြို့၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာ မူလတန်းလွန်(အရှေ့စု)ကျောင်း၌ ဆောင်ရွက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ညောင်တုန်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေသို့ရောက်ရှိပြီး ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတွက် အသိပညာပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်သယ်ယူပို့ဆောင်ရေး ဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပြီး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များမှာကြားခဲ့သည်။

အိမ်မဲမြို့နယ် အ.ထ.က (၂) ကျောင်းတွင် ဆုံဆို့မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၂) ကျောင်းတွင် ကျောင်းသား/သူများအား ဆုံဆို့မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
Subscribe to