အောင်မြေသာစံခရိုင်အတွင်းရှိ စင်တင်တေးဂီတ ဖျော်ဖြေရေးလုပ်ငန်းပိုင်ရှင်များအား တည်ဆဲဥပဒေများနှင့် သတ်မှတ်စည်းကမ်းချက်များ လိုက်နာရေးဆွေးနွေး

မန္တလေး မေ ၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်အတွင်းရှိ စင်တင်တေးဂီတ ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်များအနေဖြင့် တည်ဆဲဥပဒေများနှင့် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာရေး တွေ့ဆုံဆွေးနွေးပွဲကို မေ ၅ရက် နံနက် ၁၀နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝးခန်းမတွင် ကျင်းပသည်။

အခမ်အနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးစိုးဝင်း၊ ခရိုင်စင်တင်တေးဂီတဆိုင်များကြီးကြပ်ရေးအဖွဲ့ - အဖွဲ့ခေါင်းဆောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးစိန်ယုနှင့် အဖွဲ့ဝင်များ၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်တို့မှ စင်တင်တေးဂီတဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်များတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တာဝန်ရှိသူများက စင်တင်တေးဂီတဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်များအနေဖြင့် တည်ဆဲဥပဒေများနှင့်သတ်မှတ်စည်းကမ်းချက်များကို လိုက်နာမှု မရှိပါက လုပ်ငန်းလိုင်စင်ရုပ်သိမ်းခြင်း၊ ဆိုင်အားပိတ်သိမ်း၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ သတ်မှတ်ချက်များကို တိကျစွာလိုက်နာရေး ဆွေးနွေးမှာကြားရာ လုပ်ငန်းရှင်များကလည်း မရှင်းလင်းသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြကြောင်းသိရသည်။

မြင့်မော်ထွန်း(အောင်-စံ၊ ပြန်/ဆက်)