ကျောက်ဆည် မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဧပြီ၂၇ရက်က တိုက်ခိုက်ခဲ့သည့် လေပြင်းကြောင့် ပျက်စီးသွားသည့် လူနေအိမ်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို မေ ၄ ရက် ညနေ၄နာရီက ကျင်းပသည်။
ထိုသို့ ထောက်ပံ့ရာတွင် ဘုံကွင်းကျေးရွာအုပ်စုနှင့် သူငယ်တော်ကျေးရွာအုပ်စုတို့၌ လေပြင်း ဘေးတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ်၅လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၅၀၀,၀၀၀ နှင့် လူဦးရေ ၁၉ ဦးအတွက် ၇ ရက်စာ ဆန်ရိက္ခာဖိုးငွေကျပ် ၉၅,၀၀၀ ၊ အိမ်ထောင်စု တစ်စုအတွက် တန်ဖိုးငွေ ၅၃၈,၃၉၀ ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း ၁၆မျိုး၊ စုစုပေါင်းကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့မှုတန်ဖိုးငွေကျပ် ၁,၁၃၃,၃၉၀ အား လေပြင်းသင့်ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
သက်မောင်(ကျောက်ဆည်)