ကျိုင်းတုံမြို့၌ Football For School Program အားကစားသင်တန်းများဖွင့်လှစ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၆ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် Football For School Program အရ အားကစားသင်တန်းများဖွင့်ပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် အားကစားကွင်းတွင် ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အားကစားနှင့် ကာယာပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အားကစားသင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။