ကျောင်းကုန်းမြို့၌ Football for School အစီအစဉ်အရ ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ် အားကစားသင်တန်းများ ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့၏ Pilot Product အစီအစဉ်အရ ပူးပေါင်းဖွင့်လှစ်သည့် (Football for School) ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ်အားကစားသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။