ကျွန်းစု မေ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်စိုးမောင်၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက် သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်း က နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းအား ဖတ်ကြားခဲ့သည်။
ထို့နောက် တစ်နှစ်တာအတွင်း မီးသတ်တပ်ဖွဲ့ဝင်များက ဝတ်စားဆင်ယင်မှု အကောင်းဆုံးဆု၊ နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့ မီးသတ်ကျင့်ဝတ်ဖြေဆိုရာတွင် ဆုရရှိသူများ၊ တစ်နှစ်တာ အိမ်ထောင်သည်လိုင်ခန်း အသန့်ရှင်းဆုံး ဆုရရှိသူများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တက်ရောက်လာ ကြသူများက ခင်းကျင်းပြသထားသည့် မီးငြှိမ်းသတ်ရေးပစ္စည်း ကိရိယာများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများအား ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)