ကျောက်ဆည် မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာအုပ်စု၊ ထနောင်းပင်လှကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး ပြည်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်းက ဒေသဖွံ့ဖြိုးရေး အတွက် လွှတ်တော်မှအကောင်အထည်ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများအကြောင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်က မြေငှားဂရန်ထုတ်ပေးနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့အတွင်းရေးမှူး၊ မြို့နယ် မြေစာရင်းဦးစီးဌာနဦးစီးအရာရှိ ဦးကျော်မင်းလှိုင်က မြေငှားဂရန်ထုတ်ပေးနိုင်ရေး မြေတိုင်းတာမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်း ပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်း၊ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးမြို့နယ်လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး ကျေးရွာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)