မိုင်းယောင်းမြို့၌ ရက် ၁၀၀ စီမံချက်ဖြင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း မေ ၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ရက် ၁၀၀ စီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက ဝမ်ဘိုးအုပ်စု၊ နားဖန်းကျေးရွာ၌ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်နှင့် ဝန်ထမ်းများက ဦးအိုက်ခမ်း ဝက်မွေးမြူရေးခြံရှိ ဝက်ကောင်ရေ ၃၀ အား သန်ချဆေးအခမဲ့ထိုးနှံပေးပြီး မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေး၍ ဝက်မွေးမြူရေးခြံအတွင်း ရောဂါပိုးကူးစက်မှုမရှိစေရန် ခြံဖျန်းပိုးသတ်ဆေးများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း