ကော့ကရိတ် မေ ၅
အစိုးရသစ်ကာလ အများပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ရက် ၁၀၀ စီမံချက်ဖြင့် ကော့ကရိတ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက် ၁၀ နာရီမှစတင်၍ ရေကျော်ကြီးကျေးရွာ၊ အထက(ခွဲ)လှိုင်ဝကျောင်း၌ နေ့ချင်းအပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ထုတ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် e-IDစနစ်ဖြင့် Biometric Data ကောက်ယူ၍ Unique ID တစ်ပါတည်း ဆောင်ရွက်ပေးခြင်း၊ မှတ်ပုံတင်နှင့် UID မပြုလုပ်ရသေးသည့် အသက်(၁၀)နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်းများ ဆောင်ရွက်သည်။
နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကွင်းဆင်းဆောင်ရွက်နေမှုကို ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ဘုန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်ကျော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှသန်းနိုင်တို့က ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)