မလှိုင်မြို့နယ်မီးသတ်ဦးစီးဌာနက နှစ်(၈၀)ပြည့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သံဃာတော်များအား အရုဏ်ဆွမ်းသပိတ်များ ဆပ်ကပ်လောင်းလှူ

မလှိုင် မေ ၅

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မလှိုင်မြို့နယ်မီးသတ် ဦးစီးဌာနက မလှိုင်မြို့ထန်းတောဂေါစဂံအတွင်းရှိ ကျောင်းတိုက်(၃၆)တိုက်မှ သံဃာတော်(၃၆)ပါးတို့အား  အရုဏ်ဆွမ်းသပိတ်နှင့် ဆွမ်းဟင်းချိုင့်များလောင်းလှူခြင်းကို မေ ၅ရက်နံနက် ၅နာရီက  မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ဦးစွာ နံနက် ၅ နာရီတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေယျာအောင်နှင့်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များက သံဃာတော်(၃၆)ပါးတို့အား လှူဖွယ်ဝတ္ထုငွေများဆပ်ကပ်ပြီး ငါးပါးသီလဆောက်တည်ကြကာ ရေစက်ချတရားနာယူကြသည်။  

ထို့နောက် သံဃာတော်များအား  အရုဏ်ဆွမ်းသပိတ်နှင့် ဆွမ်းဟင်းချိုင့်များ‌လောင်းလှူခြင်း၊  နဝကမ္မဝတ္ထုငွေများဆပ်ကပ်လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူသည်။

မလှိုင်မြို့နယ်မီးသတ်ဦးစီးဌာနသည် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေ ၃ ရက်က မလှိုင်မြို့သမိုင်းဝင် ရွှေမု‌ဋ္ဌောစေတီတော်မြတ်ကြီးအား ရေသပ္ပါယ်ပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များက ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်