ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရက်ကန်းနှင့် ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများ ဖွင့်ပွဲနှင့် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲတင်ပြခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး တက်ရောက်
ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကျင်းပသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ရက်ကန်းနှင့် ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများ ဖွင့်ပွဲကို စက်တင်ဘာ ၂၃ ရက်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။