ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် စည်ပင်သာယာရေး အဖွဲ့လုပ်ငန်းများနှင့် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးနေမှုများကို ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် မြို့အဝင်ဆိုင်းဘုတ်များ၊ မြေယာရှုခင်းများနှင့် ကန်သုံးဆင့်ပန်းခြံတို့အား အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည့် အခြေအနေများကို ဧပြီလ ၃ ရက်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ချောက်မြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်​​ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်​ဆေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က  မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ်(၇)ရပ်ကွက်သို့ သွားရောက်ကာ တစ်အိမ်တက်ဆင်း မီး​ဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ ၂.၅.၂၀၂၆ ရက်နေ့ ခရီးစဉ်လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နိုင်ငံတော်သမ္မတ၏ ၂.၅.၂၀၂၆ ရက်နေ့ ခရီးစဉ်လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

မိုင်းဖြတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။ 

နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမင်းဦးနှင့် ဦးထွန်းထွန်း ပုဗ္ဗသီရိမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ တက်ရောက်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း မေလ ၃ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ်ရှိ ဘဲကုန်းကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ရာအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမင်းဦးနှင့် ဦးထွန်းထွန်း၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီရန်ဖရန့်၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများ၊ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်များမှ အိမ်ထောင်စုဝင်များ တက်ရောက်သည်။

မန္တလေးတိုင်းဒေသကြီးအဆင့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနား ကျင်းပ

၂၀၂၆ ခုနှစ်၊ ယနေ့မေလ ၅ ရက်နေ့တွင်ကျရောက်သော ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၏နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ တက်ရောက်ခဲ့သည်။

ရေနံချောင်းမြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားစေတီများအား သန့်ရှင်းရေးလုပ်ငန်းများ ကုသိုလ်ပြုဆောင်ရွက်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် မေလ ၅ ရက်တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၈ နာရီတွင် သစ်တပွေရပ်ကွက်နှင့် ဆုံတိုက်ရပ်ကွက်တို့ရှိ ဘုရားစေတီများအား သန့်ရှင်းရေးလုပ်ငန်းများ ကုသိုလ်ပြုဆောင်ရွက်သည်။

အုတ်တွင်းမြို့နယ်၊ ခင်တန်းကျေးရွာ၊ ဘဝအဖော်မွန်စာကြည့်တိုက်တွင် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်း၊ ဘေးကင်းစွာပြုမူနေထိုင်ခြင်းအား အသိပညာပေးဟောပြောခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကြက်ခြေနီအသင်းခွဲနှင့် ခင်တန်းကျေးရွာ၊ ဘဝအဖော်မွန်စာကြည့်တိုက်ကော်မတီတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ဖြစ်နိုင်​ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်တတ်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို မေလ ၃ ရက် နံနက်ပိုင်းက ဘဝအဖော်မွန်စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) တွင် တာ၀န်ထမ်းဆောင်ပြီးမြောက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ‌နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအ မှတ်စဉ် (၁/၂၀၂၄) တွင် တာ၀န်ထမ်းဆောင်ပြီးမြောက်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်လင်မြို့၌ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲ ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီက လွိုင်လင်မြို့ သာသနာ့ဗိမာန်ဓမ္မာရုံတွင် ကျင်းပပါသည်။
Subscribe to