မိုးနဲမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးကွင်းသရုပ်ပြ စိုက်ပျိုး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာ၊ ကွင်းအမှတ်(၃၈) တောင်သူ ဦးစိုင်းထွန်းလှိုင်၏ လယ်မြေတစ်ဧကနေရာတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ တောင်သူလယ်မြေနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။