မိုးနဲ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာ၊ ကွင်းအမှတ်(၃၈) တောင်သူ ဦးစိုင်းထွန်းလှိုင်၏ လယ်မြေတစ်ဧကနေရာတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ တောင်သူလယ်မြေနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တောင်သူကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ဒေသခံတောင်သူများအား ကောက်စိုက်စက်အသုံးပြုပုံ၊ ကောက်စိုက်စက်များ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာနိုင်စေရန်၊ တောင်သူများအနေဖြင့် လက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးပါက လုပ်သားအင်အားရှားပါမှုကိုဖြေရှင်းနိုင်ခြင်း၊ တစ်ဧကထုတ်လုပ်မှုကုန်ကျ စရိတ်လျော့နည်း၍ အကျိုးအမြတ်ပိုမိုရရှိခြင်းနှင့် တစ်ရက်လျှင် စက်တစ်စင်းကို သုံးဧကနှင့်အထက် စိုက်ပျိုးပြီးစီးနိုင်ခြင်းတို့ကြောင့် ယခုလိုကွင်းသရုပ်ပြ စိုက်ပျိုးဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)