ပင်လုံမြို့ မြေစိုက်နံရံကပ်စာစောင်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ​ပေးစာစောင်များ ပြသ

ပင်လုံ ဇူလှိုင် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်မှုကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်စာစောင်၌ ပြသဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ နံရံကပ်စာစောင်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသည့် ရေဘေးပညာပေးစာစောင်များ၊ လေပြင်းဘေးအသိပညာပေးစာစောင်များ၊ မုန်တိုင်းဘေးအသိပညာပေးစာစောင်များ၊ မီးဘေးအသိပညာပေးစာစောင်များ၊ ငလျင်ဘေးအသိပညာပေးစာစောင်များ၊ မိုးခေါင်ရေရှားဘေးအသိပညာပေးစာစောင်များ၊ လျှပ်စစ်အန္တရာယ်အသိပညာပေးစာစောင်များ၊ မိုးကြိုးဘေးအန္တရာယ်အသိပညာပေးစာစောင်များ၊ မြေပြိုဘေးအန္တရာယ်အသိပညာပေးစာစောင်များစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးစာစောင်များနှင့် မြို့နယ်လှုပ်ရှားမှုမှတ်တမ်းများတို့ကိုပြသထားရာ ပြည်သူများက စိတ်ဝင်တစားကြည့်ရှု့ခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)