ကျိုင်းတုံ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယနေ့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်းစုံမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၁၂၁ ဦးက “မမေ့ရက်နိုင် ၁၉ ဇူလိုင်၊ အာဇာနည်နေ့နှင့် အာဇာနည်စိတ်ဓာတ်၊ သမိုင်းမော်ကွန်းတည် ကိုးဦးအာဇာနည်”စသည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြရာ ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)