ဟင်္သာတ ဇူလိုင် ၁၇
ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် အသိပညာပေး စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးစကားဝိုင်း ဆွေးနွေးပွဲတွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက ဆွေးနွေးပွဲပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဟင်္သာတ မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ၊ ဆရာမ များဖြစ်သော ဒေါ်ခင်စောဝင်း (ခင်ရှင်စော)၊ ဦးစိန်ဝင်း (ပန်းမြိုင်လယ်စိန်ဝင်း)၊ ဒေါ်နွဲ့နွဲ့ရီ (နန်းရွှေရည်)တို့မှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းများ၊ အာဇာနည်၏ အဓိပ္ပာယ်စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးဟော ပြောခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ဟင်္သာတမြို့ပါ်ရှိ ကျောင်းသား/သူများ၊ ဆရာ၊ ဆရာမများ စုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်နေ့ဆိုင်ရာ အသိပညာပေး ဗီနိုင်းများနှင့် စာအုပ်စာစောင်တို့ကို ပြသခဲ့ကြောင်း သိရပါသည်။
ခရိုင်(ပြန်/ဆက်)