ပျော်ဘွယ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ခရိုင်ချင်းဆက် လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး
ပျော်ဘွယ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ခရိုင်ချင်းဆက်လမ်းအား ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်တွင်ပြီးစီးခဲ့ပြီး ဆောင်ရွက်ပြီးစီးမှုအား ရမည်းသင်းခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ဇူလိုင်လ (၁၆)ညနေပိုင်း၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။