ရွှေကျင်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးနှင့် ကဗျာရွတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရွှေကျင် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊‌ ရွှေကျင်မြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ အထကတပ်နယ်ကျောင်းတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်ပညာ‌ရေးမှူး‌ ဒေါ်တင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာသာထက်အောင်(ရွှေကျင်)က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ ဟောပြောခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများက ဆုရကဗျာများအား အသီးသီးရွတ်ဆိုကြကာ တာဝန်ရှိသူများက စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကြခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)