ကျောက်ဆည်မြို့နယ်တွင် စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ယမန့်နေ့နံနက်ပိုင်းက မြို့မဈေးအရှေ့ဘက်ရှိ ဒေါ်စန်းစန်းဌေး (နေလသုခ-၂) စားသုံးဆီလက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ ဆီဝယ်ခွင့်စာအုပ်တစ်အုပ်လျှင် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။ 

မိုင်းယောင်းမြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

မိုင်းယောင်းမြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ မိုင်းယောင်း ဇူလိုင် ၁၇ ရာဇီ(ပြန်/ဆက်)

လှိုင်းဘွဲမြို့နယ်တွင် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီ၌ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရေပူကျေးရွာအုပ်စု၊  ထီးလင်းဝင်းသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ကျင်းပခဲ့ကြသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကို ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က (တောရ) အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငလျင်ဘေးပြန် လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငလျင်ဘေးပြန် လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး နေပြည်တော် ဇူလိုင် ၁၇ ခရိုင်(ပြန်/ဆက်)

ကြံခင်းမြို့၌ ရေဝင်ရောက်သည့်ကျေးရွာများအား တိရစ္ဆာန်အစာအိတ်များပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြစ်ရေဝင်ရောက်လေ့ရှိသည့် ကျေးရွာများသို့ တိရစ္ဆာန်အစာနုအိတ်များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်​​ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူလေးများအား သဘာဝဘေးအန္တရာယ်အသိပညာ ပြန့်ပွားရေး အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ မီးဘေးအန္တရာယ်ကျရောက်လာပါက ဘေးအန္တရာယ်ကင်းစွာ မီးငြှိမ်းသတ်နိုင်ရေး လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ကွင်းဆင်းသရုပ်ပြဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တွံတေးမြို့နယ်နှင့် ဒလမြို့နယ်တို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း သင်ကြားနေမှုများအား ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်နှင့် ဒလမြို့နယ်တို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုများအား ကြည့်ရှုအားပေးသည်။

ကန့်ဘလူမြို့ အ.ထ.က(ခွဲ)ညောင်အိုင်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အခြေခံပညာအထက်တန်းကျောင်း ဒေါက်တာ ဉာဏဝရခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များနှင့် အာဇာနည်နေ့ကို အမှတ်ရသိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီက (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
Subscribe to