ကျိုင်းတောင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျိုင်းတောင်း ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ အပြည်ပြည်ဆိုင်ရာမူးယစ်အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်းများကို ကျိုင်းတောင်းမြို့ ဈေးအနီးရှိ မိန်းလမ်းမဘေး ဈေးဆိုင်များနှင့် လာရောက်ဈေးဝယ်သူများသို့ ဖြန်ဝေပေးခဲ့ကြောင်း သိရပါသည်။

 အဆိုပါလက်ကမ်းစာစောင်တွင် ''အဆိပ်ပန်း'' အမည်ဖြင် မူးယစ်ဆေးကို အဆိပ်ပန်းဖြင့်နှိုင်ယှဉ်ထားသော ကဗျာတစ်ပုဒ်အပါအဝင် အပြည်ပြည်ဆိုင်ရာမူးယစ်အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုပပျောက်စေရန် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုကိုတားဆီးနှိမ်နင်း  စသောခေါင်စဉ်းများဖြင့် တိုက်တွန်းဖော်ပြထားကြောင်း သိရပါသည်။

ကိုကို(ပြန်/ဆက်)