ကျိုက်ထိုမြို့နယ်တွင် စားသောက်ဆိုင်များ‌ ကျန်းမာရေးနှင့်အညီဘေးအန္တရာယ်ကင်းရှင်း‌ရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အညီဘေးအန္တရာယ်ကင်းရှင်း‌ရေး စစ်ဆေးခြင်းလုပ်ငန်းကို ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြသည်။

သရက်မြို့၌ အခြေခံပညာမူလတန်းကျောင်း(မြင်ဘာခြံ)ကျောင်းတွင် ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အ.မ.က(မြင်ဘာခြံ)ကျောင်းတွင် ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အ.မ.က(မြင်ဘာခြံ) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင် ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်တွင် ယမန်နေ့နံနက် ၉ နာရီက ၂၀၂၄-ခုနှစ် (၁၃၈၆- ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်နှင့် ပင့်သံဃာ ၁၃ ပါး၊ စာအောင်သံဃာတော်များ၊ သီလရှင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ခဲ့သည်။

လယ်ဝေးမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှ အခွန်ဝန်ထမ်းပြည်သူများအား ပြေစာအမှတ်တံဆိပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စုပေါင်း ၁၂၀ ကျော် ကြိုတင်ပြောင်းရွှေ့ပေးထားပြီး စာသင်ကျောင်း ၆ ကျောင်း ယာယီပိတ်ထားရ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယမန်နေ့ ညနေပိုင်းအချိန်ထိ ဧရာဝတီမြစ်ရေဝင်ရောက်မှုများကြောင့် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ အိမ်ထောင်စုပေါင်း ၁၂၀ ကျော်ကို ကြိုတင်ပြောင်းရွှေ့ပေးထားပြီး စာသင်ကျောင်းပေါင်း ၆ ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။

ပုံပါကျင်မြို့ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ် မြတ်နိုးသူများအသင်း (Book Club) ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများ ရရှိရန်ရည်ရွယ်၍ စာရေးဆရာ‌ ဖေမြင့်ရေးသားသည့် “စဉ်းစားခြင်း” စာအုပ်ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြခန်းပြပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၈)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲနှင့် ပြခန်းပြပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။

သီရိ (၅) မြို့နယ် ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များအား ပြေစာများအပေါ်၌အခွန်တံဆိပ်ကပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေး

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များအား ပြေစာများအပေါ်၌ အခွန်တံဆိပ်ကပ်ခြင်းဆိုင်ရာ ဥပ‌ဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to