ကျိုင်းတုံမြို့၌ အခွန်ပညာ‌ပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခွန်ပညာပေးရှင်းလင်းပွဲကို ယနေ့တွင် ပြည်တွင်းအခွန်ဦးစီးဌာန၊ ကျိုင်းတုံမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပခဲ့သည်။

ရှင်းလင်းဆွေးနွေးပွဲတွင် ကျိုင်းတုံမြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ကေသွယ်ကျော်က  ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာအကြောင်း၊ တည်ဆဲအခွန်ဆိုင်ရာဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် ပျက်ကွက်မှုအတွက် ဒဏ်ကြေးငွေနှင့် ပြစ်ဒဏ်များအကြောင်း စသည့် ပြည်တွင်းအခွန်ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အခွန်အကြောင်းသိကောင်းစရာများကို အသိပညာပေးရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ဖုန်းနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်၊ ရွှေဆိုင်လုပ်ငန်းရှင်ပြည်သူများက သိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)