မက်မန်းမြို့တွင် စွန့်ပစ်ပစ္စည်းအမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြ ဆောင်ရွက်

ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် စည်ပင်သာယာရေးဌာနမှကြီးမှူးကျင်းပသည့် စွန့်ပစ်ပစ္စည်းအမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြခြင်းကို ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၃ နာရီအချိန်က မက်မန်းမြို့ တြိဂံလမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်ပြပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်ပြပွဲများကို ယနေ့နံနက် (၉း၀၀)နာရီအချိန်က စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ ရက် နံနက် ၁၁ နာရီအချိန်က တွံတေးမြို့ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားလာစေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် အာဇာနည်နေ့ကိုမမေ့ဘဲ အမြဲသတိရအောက်မေ့နေစေရန် ရည်ရွယ်၍ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအထက်ဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ၊ ဖန်တီးပေးနိုင်ရေး ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ၊ ဖန်တီးပေးနိုင်ရေး ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ငါးဘက်အိုင်ကျေးရွာအုပ်စု၊ ငါးဘက်အိုင်ကျေးရွာ၌ ကျင်းပသည်။

မင်းဘူးမြို့ မြောက်ရပ်အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို  ယမန်နေ့ နံနက် (၁၀) နာရီက မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်၊ မြောက်ရပ် အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပသည်။

သရက်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်‌ရောက်ခဲ့သည့် အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာအုပ်စု၊ လေးတိုင်စင်ကျေးရွာတွင် မြစ်ရေဝင်ရောက်ခဲ့သည့် အိမ်ခြေ (၈)လုံး၊ အိမ်ထောင်စု (၈)စု၊ လူဦးရေ (၄၅)ဦးအတွက် ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီက ရွှေမုဌောဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

POLYTECHNIC UNIVERSITY (Maubin) Faculty of Computing ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ POLYTECHNIC UNIVERSITY (Maubin) Faculty of Computing ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ယနေ့မွန်းလွဲ (၂) နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောက်ဖြူမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မိုးနဲမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးကွင်းသရုပ်ပြ စိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာ၊ ကွင်းအမှတ်(၃၈) တောင်သူ ဦးစိုင်းထွန်းလှိုင်၏ လယ်မြေတစ်ဧက‌နေရာတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ‌ တောင်သူလယ်မြေနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to