ရပ်စောက်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် လူကုန်ကူးမှုဆိုင်ရာ ဟောပြောပွဲ ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် လူကုန်ကူးမှုဆိုင်ရာဟောပြောပွဲကို ယမန်နေ့က နံနက်ပိုင်းက ရပ်စောက်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။