မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

မင်းဘူး ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အင်ကြင်းစုအောင်က အဖွင့်အမှားစကားပြောကြားပြီး ဦးစီးအရာရှိ ဒေါ်မေသျှန္ဒီအောင်ကျော်က မိုးတွင်းကာလတွင် ရာသီဥတုပြောင်းလဲမှုကြောင့် လတ်တလောတွင် ဖြစ်ပွားနေသော မိုးတိမ်တောင်များ ဖြစ်ပေါ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရေကြီး၊ ရေလျှံခြင်း၊ လေပြင်းတိုက်ခတ်ခြင်းစသော သဘာဝဘေးအန္တရာယ်များကို ကြိုတင်သတိပြုကာကွယ်နိုင်ရန် ဆောင်ရန်၊ ရှောင်ရန်ချက်များကို အသိပညာပေးဟောပြောကာ သဘာဘေးနှင့်ပတ်သက်သည့် ဗီနိုင်းပိုစတာများနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်)